နယ်ရုံးများ၏သတင်းများ

Sep 20,2022
ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝတိုးတက်စေရန်နှင့် စာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန်တို့အတွက် ယနေ့နံနက် ၁၁ နာရီက  ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာ‌စောင်များငှားရမ်း‌‌ပေးရာ နေ့စဉ်စာကြည့်တိုက်တွင်လာရောက် ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
Sep 20,2022
ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မာမာခိုင်တို့မှ သွေးလွန်တုပ်ကွေးရောဂါ နှင့်ပတ်သက်သည့် လုပ် ဆောင်ရမည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် E-Library Management System Software (LMS) အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 20,2022
စာဖတ်ရှိန်တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းမိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့ သည်။