မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းဖြတ် အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့်၊ ကျောင်းသား/ကျောင်းသူများပူးပေါင်းပြုလုပ်သည့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့ကျင့်ကောင်း များရရှိစေရေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ခင်စောတင့် ရေးသားထားသည့် သစ်ပင်လေး၏ အသိပညာ(လူငယ်လေးတစ်ယောက်၏ အသိဉာဏ်နှင်အားမာန်) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်မျိုးသီရိက လမ်းဆုံကဆိုင်မှာ ခေါင်းစဉ်ပါအကြောင်း အရာများကို ဖတ်ကြား ရှင်းလင်းခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက အန္တရာယ်များစွန့်စားမှုခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်းက အဘိုးရဲ့အသက်မွေးမှု အလုပ်ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူမျာ စာဖတ်ဝိုင်းမှရရှိသော အသိပညာဗဟုသုတများကို ပါဝင်ဆွေးနွေးကြပြီးနောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခင်းကျင်းပြသထားသည့် စာအုပ် စာပေများ၊ ဓာတ်ပုံပြဘုတ်များ၊ နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)