ကော့သောင်း အောက်တိုဘာ ၂၂
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စောစောင်နှင့်ဓာတ်ပုံပြပွဲ အခမ်းအနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက အထက(ခွဲ) ဆယ်မိုင်ကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူကျောင်းသားလူငယ်များအကြား စာဖတ်ခြင်းအလေ့အထရှင်သန်လာစေရန်နှင့် စာပေမှတဆင့် အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန် ဝေဖန်ပိုင်းခြား တပ်လာခြင်း၊ စာဖတ်သူဦးရေးတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ အခြေခံပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုရန်တိုက်တွန်းအသိပညာပေးဟောပြောခဲ့ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သိမှတ်စရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအားခင်းကျင်းပြသပေးရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး