စစ်ကိုင်းမြို့ ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၂၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောဆွေးနွေးပွဲတွင် ထူပါရုံကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတရရှိစေမည့် အသိပညာများကို ဟောပြောဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများအား သုတ/ ရသ စာစောင်များကို ငှားရမ်း၍ ဖတ်ရှုစေပြီး မိမိတို့ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား/ ကျောင်းသူလေးများက ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်း သူလူငယ်များ၊ ပြည်သူများအား အသိပညာဗဟုသုတများရရှိနိုင်စေရန် စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ အခါအားလျော်စွာ ပြပွဲ/ ပြိုင်ပွဲနှင့် Talk Show များဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်(ပြန်/ဆက်)