ပြင်ဦးလွင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကျောင်း သား၊ ကျောင်းသူများကျောင်းစာအပြင် အခြားသော ဗဟုသုတရရှိစေမည့် စာပေများကို ဖတ်ရှုခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အများနှင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်နှင့် ပြိုင်ပွဲများတွင် လူအများအရှေ့ ပြောရဲဆိုရဲသည့် အလေ့အကျင့်များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ကျောင်းသား၊ကျောင်းသူ(၁၄) ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်း သူ (၁၀) ဦး၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၄) ဦးတို့က အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဆိုင်ရာ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများအား လစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင် (ပြန်/ဆက်) ]