နယ်ရုံးများ၏သတင်းများ

Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းနှင့်ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင ့်သမဝါယမဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်  ၁၀  နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသော " ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
Oct 06,2022
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်  ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ်   အသိပညာပေး (Talk Show)ကို  ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ၊ကျောင် းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာ အုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများ၊‌ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွား ရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Oct 06,2022
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။