ခမောက်ကြီး အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ် မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နံရံကပ်ပြပွဲတွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းနှင့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး၏ အမည်စာရင်းများ၊အမျိုးသားနေ့ ကဗျာများ၊ကာတွန်း၊ရုပ်ပြများနှင့် အမျိုးသားနေ့ဆောင်ပုဒ်များ စသည်တို့ ပါဝင်ကြောင်းသိရသည်။
ခမောက်ကြီး(ပြန်/ဆက်)