ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကားစာအုပ်အား ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အောင်မြင်ကြီးပွားရွှေစကားစာအုပ်သည့် စာပိုဒ်တိုတို ထိထိမိမိနဲ့ရေးဖွဲ့ထားသည့်အတွက် နည်းနည်းဖတ်ပြီး လေးနက်သောအတွေးများ များစွာရရှိမှာဖြစ်ကြောင်း၊ စာဖတ်ချိန်နည်းသည့်စာပေ ချစ်မြတ်နိုး သူများ၊ စာအုပ်စာပေများစဖတ်ရန် ခက်ခဲနေသည့်လူငယ်များအတွက် အထူးအဆင်ပြေသော စာအုပ် တစ်အုပ်ဖြစ်ပြီး အောင်မြင်ရေးလမ်းကြောင်း ဖော်ဆောင်ရာ၌ အဓိကအထောက်အကူပြုစေပြီး လူမှုဆက်ဆံရေးများတွင် အပြန်အလှန်လေးစားမှုနှင့်ယုံကြည်မှုတည်ဆောက်ရာတွင်လည်း အထောက်အပံ့များစွာ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က အောင်မြင်ကြီးပွားရွှေစကားစာအုပ်တွင်ပါရှိသည့် သတိနှင့်ယှဉ်ပါ၊ ဖြူမှချမ်းသာ၊ စံတန်ဖိုးကို လေးစားပါ၊ မှန်ကန်တဲ့ရပ်တည်ချက်ရှိပါစေ၊ ဘဝထဲကအမှိုက်များ၊ အလှမ်းမဝေးပါ၊ အမြဲတမ်းကြီးမြင့်နေတဲ့ တန်ဖိုး၊ ဆူးခလုပ်မဖြစ်ပါစေနဲ့၊ ကိုယ့်ကိုကိုယ်တည်ဆောက်ပါ၊ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာမည်၊ တာဝန်ခံမှု၊ ကိုယ်ဒုက္ခနှင့်ကိုယ်၊ လွယ်လွယ်လေးလို့မထင်ပါနဲ့၊ မတူကွဲပြားခြင်း၊ တန်းဖိုးကြီးရတနာ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေး နွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)