အမရပူရ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)၏ထပ်တူကျသော နှလုံးသားများစာအုပ်ကို စာဖတ်ဝိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရးဆရာဦးစိန်မောင်သန်းက ကျေးလက်ဒေသ၏ သဘောသဘာဝ၊ ကျေးလက်နေပြည်သူများ၏ စိတ်နေစိတ် ထား၊ သာရေးနာရေးများတွင် ဝိုင်းဝန်းတိုင်ပင် စုပေါင်းလုပ်ဆောင်ကြပုံနှင့် ပရဟိတစိတ်ဓါတ်အကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက်စာရေးဆရာ ဦးမြစိုး (စိုး-အမရ)(မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ)က ဆေးပေါင်းခတဲ့ညခေါင်းစဥ်ဖြင့် ကျောင်းဆရာတစ်ယောက်၏ တိုး တက်ပြောင်းလဲလာပုံ၊ ပြုပြင်ပြောင်းလဲရေး ရသများဖြင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။ တက်ရောက်လာသော book club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး နောက်တစ်ပတ်ဆွေးနွေးမည့်ရက်နှင့် စာအုပ်ကို ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)