လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) တွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်​​​ဝေကြည်စန်းအောင်နှင့် နေပြည်တော်တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် တို့က ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျင်းပခြင်း၏ရည်ရွယ်ချက်များ၊ နိုင်ငံတဝန်းဆောင်ရွက်နေမှုများနှင့် နေပြည်တော်တိုင်း လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးခဲ့သည့် Talk Show အပြည့်အစုံကို We Love Leiway Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)