ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၀

စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ မောင်သာမည ‌ရေးသားသည့် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် ခြားနားခြင်းအတတ်ပညာ၊ အရှုံး၏ တစ်ဖက်စွန်း၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း၊စသည့်ခေါင်းစဉ်ပါဆောင်းပါများ၏ အကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီ အလှည့်ကျဖတ်ကြားပြီးမိမိတို့၏‌ တွေးခေါ်ထင်မြင်ယူဆချက်များအား  အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)