ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ စံပြကျေးရွာ ပြိုင်ပွဲဝင်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဗန်းမော် နိုဝင်ဘာ ၁၀

ဗန်းမော်ခရိုင် ဗန်းမော်မြို့ ခရိုင်ကျေးလက်ဒေဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော  နေရာဒေသ    စံပြကျေးရွာ  ပြိုင်ပွဲဝင်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက စံပြကျေးရွာဝင်ရောက်ယှဉ်ပြိုင်ရာတွင် လုပ်ဆောင်ရမည့် အချက်အလက်များ ကို ရှင်းလင်းဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများက သက်ဆိုင်ရာကအလိုက်   ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခြင်း၊ ကွင်းဆင်း စီစဉ်ဆောင်ရွက်မည့်  ရိုက်ကူးရေးအစီအစဉ်များအား  ညှိနှိုင်းသတ်မှတ်ခြင်းနှင့်   မှတ်တမ်းဗီဒီယိုတွင် နောက်ခံစကားပြောကြားမည့်သူက အစမ်းပြောဆို လေ့ကျင့်ခြင်းစသည့် လိုအပ်သည်များကို‌‌ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်