လှည်းကူးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

လှည်းကူး နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (တန်ဆောင်မုန်းလဆုတ်၁၀ရက်နေ့)တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲတွင် အမျိုးသားနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝမှ လွတ်လပ်ရေးရသည် အထိကြိုးပမ်းမှု သမိုင်းမှတ်တမ်း အကြောင်းအရာ များနှင့် အမျိးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ထုတ်နှုတ်ထားသည့် နံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရေးအတွက် စာအုပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)