ကလေး နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများအရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ဌာန၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးမောင်မောင်လွင်မှ ဝန်ထမ်းများနှင့်သက်ဆိုင်သည့် စာကြည့်တိုက်၏ လုပ်ငန်းတာဝန်များ၊ မျိုးတူစုပညာရပ်ခွဲခြားနည်း၊ သိမ်းဆည်းထားသိုနည်းများ၊ လိုက်နာဆောင်ရွက်ကြရမည့် ဆောင်ရန်ရှောင်ရန်များကို အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့်စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)