တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဆန်းမြို့ကြွယ်နှင့်  စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမအေးချမ်းအိမ်တို့မှ ယနေ့လူငယ်လူရွယ်များ၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ အန္တရာယ်မကျရောက်စေရန်အတွက် တက္ကသိုလ်စိန်မြင့်ထွန်းရေးသားသော မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ်တိုက်ဖျက်လက်ချင်းဆက်စာအုပ်ပါ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာ‌ပေးဆွေးနွေး ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။                           

ခင်ဆွေနှင်း(ပြန်/ဆက်)