ရွှေကျင်မြို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကျင်ပ

ရွှေကျင်  နိုဝင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ပဲခူးတိုင်း‌ဒေသကြီးမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာအုပ်/စာစောင်များ လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်း‌ဒေသကြီးမှ လှူဒါန်းသော စာအုပ်/စာစောင်အုပ်‌ရေ(၂၅၀)အုပ်အား မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၆)ကျောင်းရှိ တာဝန်ရှိသူများထံသို့ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ထပ်ဆင့်လှူဒါန်းပေးခဲ့သည်။ ထိုသို့လှူဒါန်း‌ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးတို့အတွက် စာအုပ်/စာစောင်များကို လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)