မင်းလှမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းလှ နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ‌ရေးဌာနနှင့် စာသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်း သားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို  အ.မ.က သပြေစမ်းကျောင်း၌ ယနေ့ နံနက်ပိုင်း က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပညာရေးမှူးရုံးမှ ဦးစန်းအောင် ဒု-ဦးစီးမှူး (ကာယ/ကျောင်းကျန်းမာ/စာကြည့်တိုက်)က ကလေးငယ်များကို အတန်းပညာ သာမက ဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှုစေလိုကြောင်း ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းက စားသုံးရန်မသင့်သည့် အစားအစာများကို အသိပညာပေး ပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ် ဘုတ်ပြားပြဇတ်ဖြင့် ပုံပြောခြင်းများဖြင့် အသိပညာပေး ပြောကြားသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နံရံကပ်၊ လူကုန်းကူးမူစသည့် နံရံကပ်စာ‌စောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ပေါက်စ(မင်းလှ)