စလင်း နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့နေ့လည် ၂ နာရီအချိန်က စာပေချစ်သူများ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေချစ်သူများ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်က ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် အသက်အရွယ်ကြီးပြင်း၍ လူကြီးဖြစ်လာပါက အတွေးအခေါ်မှန်ကန်စေဖို့လိုအပ်ကြောင်း အစစအရာရာမိမိတို့၏ ကိုယ်ပိုင်အသိစိတ်ဖြင့် မှန်ကန်သောလမ်းကြောင်းပေါ် ရပ်တည်ရမည်ဖြစ်၍ အတွေးအခေါ်မှန်ကန်ဖို့ဆိုရင် စာပေဗဟုသုတပြည့်စုံဖို့ စာများများဖတ်ဖို့လိုအပ်ပါကြောင်း စာဖတ်သည့်အလေ့အကျင့်များကို မဖြစ်မနေ ပြုလုပ်တတ်ရမည်ဖြစ်ကြောင်းနှင့်စာပေသည် လူတစ်ဦး၏ ဦးနှောက်ကို များစွာ အထောက်အကူပြုပါကြောင်း စသည်ဖြင့်စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယင်းနောက်အဆိုပါ စာဖတ်ဝိုင်းတွင် ဒေါ်ခင်မျိုးလွင်က စာရေးဆရာမ ဇင်ပိုင်ဖြိုး (ကံမ) ရေးသားသည့် နှလုံးလှမီးအိမ်ရှင်နှင့်ပြည်သူ့အကျိုးပြု ဝတ္တုတိုများစာအုပ်ပါ အကြောင်းအရာများထဲမှ မူးယစ်အန္တရာယ်တားဆီးကာကွယ်ဆိုသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးရာ Book Club အသင်းဝင် ဦးဆန်းလင်းမောင်က သိရှိလိုသည်တို့ကိုမေးမြန်းရာ ဒုတိယဦးစီးမှူး ဦးသန်းမြင့်မှ အကျယ်တစ်ဝင့် ပြန်လည်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)