ကလိန်အောင်မြို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြင်ပြောပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာ  ၁၁

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ယနေ့  မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က ၁၃၈၄ ခုနှစ်၊ တန် ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပရခြင်းဖြင့် ကျောင်းသား‌၊ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေး အခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှအသိအမြင် ဗဟုသုတများတိုးပွားလာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှု ရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်း‌ ပြောပြခဲ့သည်။

ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စာရေးဆရာ ဇလွန်ကျော်ဦး ရေးသားထားသည့် "မေတ္တာစွမ်းအား"ပုံပြင်များ စာအုပ်ထဲမှ "ဘဝတန်ဖိုး" ဆိုတဲ့ ပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

လူမင်းအောင်(ကလိန်‌အောင်)