တောင်တွင်းကြီး နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရွှေကြာအင်း (၁) ရပ်ကွက်ရှိ အမှတ် (၉၁) အခြေခံပညာမူလတန်းလွန်ကျောင်း (မြို့ဦး) တွင် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်သူအောင်က အဖွင့်အမှာအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက အမျိုးသားနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ ဗြိတိသျှတို့ပြဌာန်းခဲ့သော ကျွန်ပညာရေးဥပဒေအကြောင်း၊ အမျိုးသားနေ့အဖြစ် ပြဌာန်းသတ်မှတ်ခဲ့ပုံ၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခမ်းအနားများကို နှစ်စဉ်နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားအမှတ်ရစေရန်တို့ကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးက စားသုံးရန်မသင့်သည့်စားသောက်ကုန်များအကြောင်း၊ ကုန်ညွန်းအမှတ်အသားများအကြောင်း အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား ဟောပြောချက်များအပေါ် နားလည်သိရှိမှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာပေလေ့လာဖတ်ရူ့ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)