ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပုသိမ်ကြီး နို၀င်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုးက တက်ရောက်လာသည့် စာ‌‌‌ပေချစ်မြတ်သူနိုးသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာသူများမှ မိမိတို့လေ့လာဖတ်ရှုပြီးသည့် စာပေများ၏ ကောင်းမွန်သည့် အနှစ်သာရများ၊ ကောင်းကျိုးများ၊ လေ့လာမှတ်သားလိုက်နာသင့်သည် အချက်အလက်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး စာဖတ်ခြင်းသည်စာစွမ်းအားတစ်ရပ်ဖြစ်ကြောင်း၊ မှန်ကန်သည့်အသိ၊ အတွေး အခေါ်များ ရင့်သန်စေခြင်း၊ လူမှုဆက်ဆံရေး တိုးတက်ရရှိစေခြင်း၊ ကောင်းမွန်သောဆုံးဖြတ်ချက်ချနိုင်ခြင်း၊စာတတ်မြောက်ခြင်း၊ စာဖတ်ခြင်းနှင့် အမျိုးသားပညာရည်မြင့်မားခြင်း၊ စာတတ်မြောက်ခြင်းသည် စာဖတ်နိုင်ခြင်းဖြင့် အကျိုးတရားကောင်းများဖော်ဆောင်နိုင်ခြင်းမှသည် အနာဂတ်ကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ခြင်း အစရှိသည်တို့ဖြင့် တက်ရောက်လာကြသူများမှ  ၀ိုင်းဝန်းဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)