မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

မူဆယ် နိုဝင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community  Centr e ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က  ပြုလုပ်ဆောင်ရွက်ပြသခဲ့သည်။

အဆိုပါ ဆောင်ရွက်ပြသရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူးဦးအယ်လ်စိုးထန်တူးက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် တက်ရောက်လာသော အိမ်တွင်းမှု သင်တန်းကျောင်းမှ သင်တန်းသူများကို အမျိုးသားနေ့ ပေါ်ပေါက်လာပုံအကြောင်းများကို ရှင်းလင်းပြောပြခဲ့ပြီး အသိပညာဗဟုသုတများရရှိစေရန်၊ စာပေမြတ်နိုးသူများ တိုးပွားလာစေရန် အတွေးအခေါ်များ မြှင့်မားလာစေရန် ရည်ရွယ်၍ “စာပေရေချမ်းစင်စာအုပ်မှပါရှိသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး” အကြောင်းများကို စာဖတ်ဝိုင်းအဖြစ် တဆက်တည်း ဆောင်ရွက်ကြကာ တက်ရောက်လာသော အိမ်တွင်းမှုသင်တန်းသူများက အပြန်အလှန်တစ်ဦးချင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး နံရံကပ်စာစောင်ပြသဆောင်ရွက်ရာတွင်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်အကြောင်းအရာများ၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံသမိုင်း အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲ နေ့ကဗျာများ စသည့်တို့ကို ပြသဆောင်ရွက်ခဲ့သည်။ ယင်းနောက် စာအုပ်စာစောင်ပြပွဲတွင်လည်း သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ တက်‌ရောက်လာသော အိမ်တွင်းမှု သင်တန်းသူ (၃၀)ဦး ကလည်း စိတ်ဝင်တစားဖတ်ရှုလေ့လာ ငှားရမ်းခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)