တောင်သာ နိုဝင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အခမ်းအနားမှူးသင်တန်း အား ယမန်နေ့ နံနက်( ၁၀ )နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီးနောက် သင်တန်းအား ဆက်လက်ပို့ချရာ ယင်းသင်တန်းတွင် အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ အခမ်းအနားမှူး၏ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုနှင့်အခမ်းအနားမှူး ဆောင်ရန်/ရှောင်ရန်များ စသော ဘာသာရပ်များအား စာတွေ့/လက်တွေ့ ပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းကို နည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင် က ပို့ချဆောင်ရွက်မှာဖြစ်ပြီး သင်တန်း ကာလကို (၁၀-၁၁-၂၀၂၂) ရက်နေ့နှင့် (၁၁-၁၁-၂၀၂၂) ရက်နေ့ (၂)ရက်တာ ပို့ချဆောင်ရွက်မှာဖြစ်ပြီး အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း (၁၀) ဦးတို့မှ တက်ရောက်ခြင်းဖြစ်ပြီး အခမ်းအနားမှူးကောင်း တစ်ယောကဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချ ဆောင်ရွက်တာဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)