(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မုဒုံ နိုဝင်ဘာ ၁၂

၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကန်ကြီးကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက  အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (အမျိုးသားနေ့)ကို  အမြဲအမှတ်တရရှိစေပြီး အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို အစဉ်ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအသိပညာ ဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများပြသခဲ့ရာ စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြသည်။ ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)