မိုးမိတ် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လည် ၂ နာရီ အချိန်က (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းပီးက စာအုပ်များဖတ်လိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် မိမိတို့အတန်းအားလပ်သည့်အချိန်တွင်လည်း ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်၍ စာအုပ်၊ စာစောင်များဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်၊ပြန်/ဆက်)