နယ်ရုံးများ၏သတင်းများ

Oct 18,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်(၉)နာရီက Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦစီးဌာနတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။
Oct 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့  အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်  စာဖတ်သူများ အလွယ်တကူစာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က   နယ်လှည့် စာကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်(၂)၌   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများနေကြာသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌နေကြာသီးနှံစိုက်ပျိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 18,2022
စာဖတ်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား ပြည်လည်မျှဝေပေးခြင်း စာကောင်းပေမွန်များအား ဖတ်ရှုလေ့လာစေခြင်း စာပေမှရရှိနိုင်သော အသိပညာအတတ်ပညာများအား အကျိုးရှိရှိ အသုံးချတတ်စေရေး ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၁ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်ခဲ့ သည်။
Oct 18,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Oct 18,2022
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ “ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ အကြောင်း'' Talk Show ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။