ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောမီးလောင်ကျွမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူးငွေ့ ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ပြုလုပ်

ကလေးဝ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးက လေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် online မှ တောမီးလောင်ကျွမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူးငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာအသိပညာပေး(Talk Show)ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု တိယဦးစီးမှူး၊ ဒေါ်ဇာဇာလှိုင်းက တောမီးလောင်ကျွမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု အကြောင်းအား မေးမြန်းဆွေးနွေးရာ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဟေမာဆွေက မီးခိုးမြူငွေ့များဖြစ်ပေါ်လာပုံ၊ မီးခိုး မြူငွေ့ကြောင့် လေထုညစ်ညမ်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ တောမီးအမျိုးအစားများ၊ တောမီးလောင်ကျွမ်းရသည့် အဓိကအကြောင်းအရင်း၊ တောမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများစသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)