မိုင်းယောင်းမြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီလ ၇ ရက်သည် ရှမ်းပြည်နယ်နေ့ဖြစ်ကြောင်း၊ ဤနေ့သို့ ရောက်လေတိုင်း ရှမ်းတိုင်းရင်းသားတို့ အနေဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံကို အမှတ်ရကြပေလိမ့်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုပင်လုံညီလာခံကြီးသည် ရှမ်းပြည်နယ်နေ့ကို မွေးဖွား ပေးလိုက်သည့်အပြင် တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ဤနေ့သည် ရှမ်းပြည်နယ်စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ်ခေါင်းဆောင်ကြီးများ ညီညွတ်သောနေ့၊ တိုင်းတစ်ပါးတို့၏ အစီအမံ ဩဇာအာဏာကို တွန်းလှန်နိုင်သောနေ့၊ ဒီမိုကရေစီအခွင့်အရေးကို လူထုလက်သို့ စတင်အပ်နှင်းသော နေ့ထူးနေ့မြတ်ဖြစ်သည့် အတွက် ရှမ်းပြည်နယ်နေ့ဟု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံညီလာခံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထိုသို့ သမိုင်းဝင် မော်ကွန်းတွင်ခဲ့သော ရှမ်းပြည်နယ်နေ့သည် ယခု ၂၀၂၃ ခုနှစ်တွင် (၇၆) နှစ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နေသည့် ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားများသည် ရှေးအစဉ်အလာက ညီညွတ်ခဲ့သည့် စည်းလုံးညီညွတ်မှု အစဉ်အလာကြီးကို မပျက်မယွင်းအောင် ထိန်းသိမ်းပြီး နိုင်ငံ၏အမျိုးသားရေးတာဝန်များကို ရှမ်းတိုင်းရင်းသား တစ်ရပ်လုံးက ခိုင်မာစွာသန္နိဋ္ဌာန်ချထားပြီး စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြင့် အမိနိုင်ငံအပေါ် တာဝန်ကျေပွန်နိုင်ကြပါစေကြောင်း ဆွေးနွေးခဲ့ကြသည်။

၅၀၅