ချောက်မြို့တွင် အသိပညာ​ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဟောပြောပွဲများကျင်းပ

ချောက် ဖေဖော်ဝါရီ  ၈

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနနှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ အသိပညာ​ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်ဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း​တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်သိမ့်ဝါက ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့်စာ​​ပေအကြောင်း၊ လူငယ်များ​နွေရာသီ​ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအ​ကြောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်မှူး ဒေါ်မြတ်မြတ်မိုးက ဝယ်ယူပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် ဖော်ပြသည့် အညွှန်းများကိုသာ အဓိကထားရွေးချယ်ဝယ်ယူရန်၊ သက်တမ်းလွန်နေသောပစ္စည်းများအား ဝယ်ယူသုံးစွဲ စားသောက်ခြင်း မပြုရန်နှင့် Online မှ ပစ္စည်းများဝယ်ယူရာတွင် သေချာလေ့လာပြီးမှ ဝယ်ယူရေးတို့ကိုလည်းကောင်း၊ မြို့နယ်​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ ဒေါ်ခင်ချိုချိုဝင်းကပြည်​ထောင်စုနေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြ ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်​မြောက်​​ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်းကောင်း ကျောင်းသား/ကျောင်းသူများ လက်ဝယ်အ​ရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)