ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ထန်းတပင် (ပဲခူး) ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် လူကြီးလူငယ်ကွာဟမှုစာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့၀င် ဦးဆက်နိုင်ဦးနှင့် အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဉ်များမှ လူကြီးလူငယ်ကွာဟမှု ၊ ပညာမာနဆိုတာထားကောင်းပါတယ်၊ လေမဟုတ်အလုပ်နဲ့ပြဖို့လို၊ လူငယ်တွေပဲအားကိုးရမယ်၊ လက်တွေ့လုပ်ဖို့ကအရေးကြီးတယ် စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များအချင်းချင်း အမြင်ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)