အမာမြို့၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကွင်းဆင်း ဆောင်ရွက်

အမာ ဖေဖေါ်ဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောင်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၁) နာရီတွင် သွား‌ရောက်ကာ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့်အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် အောင်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများနှင့် စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ပတ်သက်သည့် အကြာင်းများ၊ ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သောကြောင့် ဘက်စုံတော်သောလူတော်လူကောင်း များဖြစ်လာစေရန် အတန်းပညာများကိုကြိုးစားသင်ယူသကဲ့သို့ စာအုပ်စာပေကိုလည်း ဖတ်ရှုလေ့လာကြရမှာ ဖြစ်ကြောင်း၊ စာအုပ်စာပေမှ အသိပညာဗဟုသုတများရယူမှတ်သားပြီး ရည်မှန်းချက်ထား ကြိုးစားကြရမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့‌ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက မောင်အိုးစည် ပုံပြင်ကို ပြောပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာပေများအား ကျောင်းသား/သူများကို ခင်းကျင်းပြသ၍ဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/‌ဆက်)