Nov 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာ အိုင်ပီမျိုးအောင် ရေးသားထားသည့်် “ကျွန်ုပ်နှင့် လောကဓာတ်ကြီးအတွင်းမှ ထူးခြားဆန်းကြယ်ကိုယ်တွေ့ဖြစ်ရပ်မှန် မှုခင်းများနှင့် ထူးထွေသည့်သမိုင်းများ” စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။