မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာ ပေး Talk Show အစီအစဉ်အားယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ ဗြိတိသျှအစိုးရ၏ တောင်တန်း၊ ပြည်မခွဲခြားအုပ်ချုပ်ခဲ့ပုံများ၊ တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည့် အကြောင်းများရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဦးအောင်အောင်မှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးကာ ပြည်သူများ အသိပညာဗဟု သုတရရှိစေရန် ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)