နယ်ရုံးများ၏သတင်းများ

Nov 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။
Nov 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂၁ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ပြီး၊ စာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်း လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပသည်။
Nov 21,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများစာပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော  ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေ ရန်  ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  G–5  တန်းမှ G–9 တန်းထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Nov 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Woman Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Nov 21,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Nov 21,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်များ နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စာကြည့်တိုင်အသုံးပြုမှု ပိုမိုများပြား လာသည်။