ပန်းတောင်းမြို့နယ် အ.ထ.က(ရှားဖြူကွင်း)၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတောင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀)အချိန်က အ.ထ.က(ရှားဖြူကွင်း)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက အဖွင့်အမှာစကားပြောကြားပြီ၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဦးဆောင်ဆွေးနွေးကာ Grade-11မှ ကျောင်းသား မောင်ကောင်းမြတ်သူက “လူငယ်နှင့်ဇွဲ”၊ Grade-11 မှကျောင်းသူ မနန်းထိုက်နဒီအောင်က “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်”၊Grade-11မှ ကျောင်းသူ မယွန်းဟေမာန်ဦးက “လူငယ်နှင့်အောင်မြင်မှု”၊ Grade-10မှ ကျောင်းသားမောင်နေသူနိုင်က “လူထဲကလူအတူတူမဟုတ်”၊Grade-10မှ ကျောင်းသူ မဖြိုးနေခြည်ကိုက “လူငယ်နှင့်ကျော်ကြားမှု” အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ ငါးဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ရှားဖြူကွင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး မူးယစ်ဆေးဝါး နံရံကပ်စာစောင်ကို ကြည့်ရှုကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)