ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ 

ဒလ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာရေး ဆရာဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသည့် လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေစာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Women Club)အဖွဲ့ဝင်ဒေါ်ဟေမာန်နှင်းက စာရေးဆရာ  ဒေါက်တာမတင်ဝင်းရေးသားသည့် လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ စာအုပ်ထဲမှာပါသည့် ပညာရှိသူတော်ကောင်းတို့၏အဆုံးအမနှင့် လောကဓံကိုကြံ့ကြံ့ခံခြင်း ခေါင်းစဉ်ဖြင့် တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းခြင်း၊ (Talk Show)နှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင်သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲ များကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

မြင့်ဇော်(ပြန်/ဆက်)