ဒလ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒလမြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့သို့သွားရောက်ပြီး စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခဲ့သည်။
ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကိုလွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများ စာပေဖတ်ရှုမှု အလေ့အကျင့်မှသည် စာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ ပိုမိုသိရှိလာစေရန် စာဖတ်ဝါသနာရှင်များ အဆင်ပြေစွာဖတ်ရှုနိုင်ရေးအတွက် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်ဝတ္ထု အစရှိသော စာအုပ်စာစောင်(၆၀)အုပ်အား ငှားရမ်းခဲ့သသည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ဌားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စည်သူ(ပြန်/ဆက်)