မိုင်းငေါ့ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ချစ်နိုင်(စိတ်ပညာ) ရေး သားသော “တန်ဖိုးရှိလှလူငယ်ဘဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှု ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ နန်းစန္ဒာဦးက တန်ဖိုးရှိသော စိတ်ကူးများ၊ နန်းစုမြတ်နိုင်က အန္တရာယ်ကင်းစွာဝတ်ဆင်ပါ၊ မောင်စိုးဝင်းထွဋ်က စာဖတ်ခြင်း၏အကျိုးကျေးဇူး စသည့်ခေါင်းစဉ် အသီးသီးကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)