နယ်ရုံးများ၏သတင်းများ

Mar 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းတုံ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ မောင်သာမည၏ " အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း" စာအုပ်ကို ယနေ့ နံနက် ၁ဝနာရီ ၃၀ အချိန်ကစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Mar 09,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မတ် ၉ ရက် နံနက် ၉ နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ် ရက်တွင် ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်စေရန်၊ အချင်းချင်းစည်းလုံး ညီညွတ်မှုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တက်မှု မြင့်မားလာစေရန် ရည်ရွယ်၍ ဂိမ်းကစားနည်း ပြိုင်ပွဲ များကို မတ်(၉)ရက်၊ နံနက်(၉)နာရီကစ၍ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Mar 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ် အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
Mar 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကျောင်းသားလူငယ်များ ဗဟုသုတပြည့်ဝရန်၊ စာအုပ်စာပေနှင့် ပိုမိုဖတ်ရှုလာစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Mar 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ရာ ပန်းချီနည်းပြဆရာနှင့်အတူ သင်တန်းသူ/သားများတက်ရောက်ခဲ့ကြသည်။