စစ်ကိုင်း မတ် ၉
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ် ရက်တွင် ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်စေရန်၊ အချင်းချင်းစည်းလုံး ညီညွတ်မှုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တက်မှု မြင့်မားလာစေရန် ရည်ရွယ်၍ ဂိမ်းကစားနည်း ပြိုင်ပွဲ များကို မတ်(၉)ရက်၊ နံနက်(၉)နာရီကစ၍ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဂိမ်းကစားနည်းပြိုင်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကလေးငယ်များ ဆော့ကစားတက်စေရန် ပြိုင်ပွဲအမျိုးအစားများ၏ ဆောင်ရွက်ပုံတို့ကို ရှင်းလင်းပြော ကြားပေးခဲ့ကာ ဂေါ်လီလုံးဇွန်းကိုက်၊ အပ်ချည်ထိုးပြိုင်ပွဲ စသည့်ဂိမ်းကစားနည်းများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိခဲ့ကြသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကလေးများအားလုံးကိုလည်း အမှတ်တရလက်ဆောင်များပေး အပ်ခဲ့သည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရရှိစေရန် စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်းနှင့် Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)