နယ်ရုံးများ၏သတင်းများ

Dec 19,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Dec 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြိုနယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ တက်ရောက်ခဲ့သည်။
Dec 19,2022
တောင်သာမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 19,2022
မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Dec 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ (၁၉) ၊ အမှတ် (၁၉) စာစောင်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ရေး နည်းပေးသူ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။
Dec 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပြသခဲ့ကြောင်း သိရသည်။
Dec 19,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁:၃၀) အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင် ့ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့် မြို့နယ် (Youth Club) အဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။