နယ်ရုံးများ၏သတင်းများ

Feb 02,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ချောင်းရင်းကျေးရွာတွင် ယနေ့နံနက် (၁၀) နာရီအချိန်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ရည်ညွှန်းစာကြည့်တိုက်မှ အများပြည်သူ စာပေဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အမှတ်(၁၂)ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်များ လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ရည်ညွှန်းစာကြည့်တိုက်တွင် လှူဒါန်းပေးကြောင်း သိရသည်။
Feb 02,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
Feb 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွှဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 02,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့နေ့လယ်အချိန်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူလူငယ်များ လေ့လာ နိုင်ရန် ယမန်နေ့ နေ့လယ်အချိန်တွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအားခင်းကျင်း ပြသဆောင်ရွက်ခဲ့သည်။
Feb 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့တို့ ပူးပေါင်း၍လူငယ်နှင့်အချိန်အသိပညာပေး(TalkShow)အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်သည်။