နယ်ရုံးများ၏သတင်းများ

Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် Youth Club  အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၃နာရီတွင် ကျင်းပသည်။
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်စာရေးဆရာ စိုင်းမြတ်သူ ရွှေဘိုနှင့်ကလောင်စုံ ရေးသားထားသည့် ကကြိုးရုပ်နှင့် သုခုမရတနာ၀တ္တုတိုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mar 07,2023
ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် ဌာနဆိုင်ရာများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
Mar 07,2023
နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community-Centre)ခန်းမ၌  ပြုလုပ်သည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးကျင်းပသည့် နွေရာသီအားလပ်ရက်ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မီးကိုစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 06,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတတိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် အခြေခံ English Speaking သင်တန်းကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။