ကျောက်ဆည် မတ် ၉
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မတ် ၉ ရက် နံနက် ၉ နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးဘဝရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲစေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အမျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်းနှင့် ထိုအလုပ်များတွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသော အလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်ရခြင်းများ လုပ်ကိုင်ရကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသက်(၁၆)နှစ် မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသည့်သူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ခြင်း၊ အသက်(၁၈) မပြည့်သေးသူများအား အန္တရာယ်ရှိသောအလုပ်များတွင် အလုပ်လုပ်ခွင့်မပြုရကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)