မိုင်းတုံမြို့၌ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုး သူများအသင်းမှ စာဖတ်ဝိုင်းနှင့်စာအုပ်စာ‌ စောင်များပြသ

မိုင်းတုံ မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းတုံ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ မောင်သာမည၏ " အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း" စာအုပ်ကို ယနေ့ နံနက် ၁ဝနာရီ ၃၀ အချိန်ကစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK  CLUB) အသင်းဝင် မပိုးဝတ်မှုံက ဦးဆောင်၍ စာရေးဆရာ မောင်သာမည၏ "အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း"   စာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့သည် ။

ထို့နောက် စာဖတ်ဝိုင်းသို့တက်‌ရောက်လာ သောစာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်များမှ အပြန်အလှန်‌ ဆွေးနွေးပေးခဲ့ကြပြီး‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများပြသရာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)