မိုင်းနောင်မြို့ Community Centre တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲများပြုလုပ်

မိုင်းနောင် မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်  စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်နန်းကြည်နုက အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်စုစုတင်က အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် ပြန်ကြားဆက်သွယ်ရေးခေါင်းစဉ်များဖြင့်လည်း စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီးနောက်  မြို့အုပ်ချုပ်ရေးမှူး၏ဇနီး အမျိုးသမီးရေးရာအဖွဲ့ မှဒေါ်လဲ့လဲ့ရီ ဦးဆောင်သောအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများက ပြခန်းအတွင်း ပြသထားသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ပေးသည့် ဥပဒေများ၊ ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီး၏မှတ်တမ်းများ၊ အမျိုးသမီးထုဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ ဆောင်ရွက်ချက် မှတ်တမ်းများကို ကျောင်းသား၊ကျောင်းသူ အင်အားစုစုပေါင်း(၁၅၀)ဦးခန့် လာရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)