ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာစာင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆောင်ရွက်

ကလိန်အောင်  မတ်  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသည့် အလုပ်ဆိုတာ အင်အားပါ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့  ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ  ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသော  အလုပ်ဆိုတာ အင်အားပါ စာအုပ်ပါ အသိပညာပေး ဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်‌ ဦးကျော်သူရအောင်က အလုပ်ဆိုတာအင်အားပါ ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးခဲ့ရာ လူတိုင်းဟာ အလုပ်ဆိုတာ မိမိကိုယ်ကို တည်ဆောက်ဖို့အတွက် မိမိဘဝကို ခိုင်ခံစွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံး အင်အားဖြစ်ပါတယ်။ အလုပ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစား အားထုတ်လုပ်ကိုင်ခြင်းဟာ တည်ကြည်သူ၊ စိတ်ကောင်းရှိသူများက နှစ်ခြိုက်သဘောကျစေနိုင်တဲ့ အရည်အချင်းဖြစ်ပါတယ် စသည့်အချက်များကို ဆွေးနွေးပြီး စာ‌ပေဝါသနာရှင် ဦးရဝေဦးက အလုပ်ဆိုတာ လူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ် ခေါင်းစဉ်အောက်က ဆွေးနွေးရာ ဒေါ်ရွှေအိတို့က စာအုပ်ပါ အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)