ကွမ်းလုံမြို့၌ Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ကွမ်းလုံ မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ Mobile စနစ်ဖြင့် နယ်လှည့်စာကြည့် တိုက်လုပ်ငန်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့တွင် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ရာ၌ သုတစာအုပ်(၁၅)အုပ်၊ ဝတ္တု (၈)အုပ်၊ ရုပ်ပြ (၅)အုပ်နှင့် မဂ္ဂဇင်း(၃)အုပ် စုစုပေါင်း စာအုပ်စာစောင် (၃၁)အုပ်တို့အား ငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် မိဘပြည်သူများ အသိပညာဗဟုသုတတိုးပွားရန်အတွက် စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေးဟောပြောပွဲများနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)