ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  (၇၈)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ကျောက်ဆည် မတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူ ထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများ တပ်မတော်နေ့ သမိုင်းကြောင်းများသိရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊  စာပေလေ့လာဖတ်ရှုခြင်း အလေ့အကျင့်များ ရစေပြီး စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများသိစေရန်နှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်သူများအနေဖြင့် ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ  တိုးပွားစေကာ၊ ဗလငါးတန်ဖွံ့ဖြိုးပြီး အောင်မြင်မှုများရရှိစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျေင်းများမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ရသ စာအုပ်များနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့သည့်လူငယ်စကားဝိုင်း မှတ်တမ်းဓာတ်ပုံများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲမှတ်တမ်းဓာတ်ပုံများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်နံကပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။    

သက်မောင်(ကျောက်ဆည်)