လိပ်သို မတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ကမ္ဘာ့ရေနေ့ပေါ်ပေါက်လာခြင်းအကြောင်းကို ဗဟုသုတရရှိစေရန် ရည်ရွယ်၍ “ကမ္ဘာ့ရေသယံဇာတနေ့အထိမ်းအမှတ်” အသိပညာပေး နံရံကပ်ပြဘုတ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
အဆိုပါအသိပညာပေး နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံရှိ ရေသယံဇာတရရှိမှုအခြေအနေ၊ ရေသယံ ဇာတနှင့်ပတ်သက်၍ ထိမ်းသိမ်းရေးအကြံပြုချက်များ၊ ရေဆိုသည်မှာ သက်ရှိသတ္တဝါများနှင့် အပင်များရှင်သန်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော တန်ဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတတစ်ခုဖြစ်သည့်အကြောင်း၊ ရေတိမ်ဒေသ၊ ရေအသုံးချမှု၊ ရေသယံဇာတ အကြောင်း၊ နှစ်စဉ်နှစ်တိုင်း မတ်လ (၂၂) ရက်နေ့တွင် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားများအကြောင်း၊ ကမ္ဘာ့ရေနေ့အခမ်းအနားကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့မှုများနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများကို ရုံးရှေ့နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်စာစောင်များတွင် ပြသထားခြင်းဖြစ်ကြောင်းသိရသည်။
ခင်လေးနွယ် (လိပ်သို)